adv

တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။

.

{short description of image}

.

.

.



{short description of image}

တိရတနာ Online Radio

” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Recent Posts

Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။

Sunday, May 15, 2016

လှူဒါန်းနိုင်ကြ၍ လှူတတ်ကြပါစေ

လှူတတ်ကြပါစေ


    ဒကာ၊ ဒကာမတို့ အလှူပေးတဲ့ဥစ္စာဟာ အလှူခံပုဂ္ဂိုလ်လက်ထဲ ကိုယ့်ပစ္စည်းရောက်သွားတာပဲဆိုရင် လွဲတယ်။ ဘုရားရှင် ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ်မှာ နတ်တွေစုရုံးရောက်လာပြီး အလှူပေးတယ်ဆိုတာ တခြားလားအောက်မေ့တယ်ဘုရား၊ တကယ်တော့ တပည့်တော်တို့ရလိုက်တာပဲလို့၊ သူတို့ရဲ့ ကိုယ်တွေ့ကိုလျှောက်ထားကြတယ်။ ဒီတော့ အလှူပေးတဲ့ဥစ္စာ သူများရသွားတယ်ဆိုတာ လွဲတယ်။ ကိုယ်ရလိုက်တာပဲလို့ မှတ်ရမယ်။ ဥပမာနဲ့ ရှင်းပြရဦးမယ်။ အိမ်တစ်အိမ်မီးလောင်နေတာကို ရပ်ကြည့်နေလို့ရှိရင် အိမ်ပေါ်ကပစ္စည်းတွေဟာ အိမ်နဲ့အတူလောင်ပြီး ပြောင်သွားမှာပဲ။ ရသလောက်မီးထဲကဆွဲထုတ်ပြီး မီးလွတ်တဲ့နေရာကို သယ်သွားမယ်ဆိုရင် ဒါရလိုက်တာပဲ။ မီးလောင်တာရပ်ကြည့်နေရင်တော့ မရတော့ဘူး။ သယ်ယူနိုင်သလောက် သယ်ယူလို့ရှိရင် ထိုက်သလောက်ရလိုက်မှာပဲ။

    ဒီမှာလဲ ထို့အတူပဲ မှတ်ရမယ်။ ခန္ဓာကြီးဟာ “ဇာတိမီး၊ ဇရာမီး၊ မရဏမီး(အို၊ နာ၊ သေ)”တွေက

၂၀၁၆ နွေရာသီ ပွဲတော်များ


Friday, May 13, 2016

ဥပေက္ခာစိတ်ထားနိုင်မှ ပတ်ဝန်းကျင်နဲ့အဆင်ပြေမယ်



မြင့်မြတ်သူတို့စံအိမ်ရဲ့ နောက် အရည်အသွေးတစ်ခုကတော့ “ပတ်ဝန်းကျင်နဲ့ အဆင်ပြေခြင်း”ဆိုတဲ့ အရည်အသွေးပါပဲ။ မြင့်မြတ်သူတို့ရဲ့စံအိမ်ဆိုတာ ပတ်ဝန်းကျင်နဲ့အဆင်ပြေရမယ်။
အိမ်ကြီးအိမ်ကောင်းနဲ့မို့ အပေါ်ယံကြည့်လိုက်လို့ရှိရင်တော့ ခမ်းနားကြီးကျယ်ပါရဲ့၊ ဒါပေမယ့် ဟိုဘက်အိမ်နဲ့လည်း ရန်ဖြစ်၊ ဒီဘက်အိမ်နဲ့လည်း ရန်ဖြစ်၊ ဟိုဘက်အိမ်နဲ့လည်းမတည့်၊ ဒီဘက်အိမ်နဲ့လည်းမတည့်၊ ဘာမဟုတ်တာနဲ့လည်း ပြဿနာလုပ်၊ ရန်ရှာ။

အဲဒီလို ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်နေတဲ့ အိမ်ဆိုရင်လည်း ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးအဆင့်မြင့်မြင့် အဲဒီအိမ်ကို မြင့်မြတ်သူတို့ စံအိမ်လို့ မခေါ်နိုင်တော့ပါဘူး။ အဲဒီအိမ်မှာ နေတဲ့လူတွေကို အဆင့်အတန်းရှိတဲ့လူတွေလို့ မခေါ်နိုင်တော့ပါဘူး။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်နေနိုင်မှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလို့ ခေါ်နိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ အိမ်ကိုမှ မြင့်မြတ်တဲ့ စံအိမ်လို့ ခေါ်နိုင်ပါတယ်။

အဲဒီလိုပါပဲ၊ စိတ်တည်းဟူသော အိမ်ဟာလည်း ပတ်ဝန်းကျင်နဲ့ အဆင်ပြေရပါမယ်။ စိတ်နဲ့အဆင်ပြေရမယ့် ပတ်ဝန်းကျင်ကတော့ အဆင်းမျိုးစုံ ရူပါရုံ၊ အသံမျိုးစုံ သဒ္ဒါရုံ၊ အနံ့မျိုးစုံ ဂန္ဓာရုံ၊ အရသာမျိုးစုံ ရသာရုံ၊ အတွေ့အထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၊ အတွေးအကြံ သဘောတရားမျိုးစုံ ဓမ္မာရုံဆိုတဲ့ အာရုံခြောက်ပါးပါပဲ။

Tuesday, May 10, 2016

ဗုဒ္ဓလမ်းညွှန် အကျင့်မှန်

    သာသနာမှာ အထင်ရှားဆုံးသြ၀ါဒ

    ဘုရားအဆုံးအမ သြ၀ါဒတွေက အများကြီးတော့ အများကြီးပဲ၊ အဲဒီထဲက သာသနာမှာ အထင်ရှားဆုံးဖြစ်တာက သြ၀ါဒပါတိမောက် သုံးဂါထာဖြစ်တယ်၊ ဘုရားအဆူဆူ ဟောကြားခဲ့တဲ့ဂါထာပေါ့။
    အဲဒီသုံးဂါထာကို မိမိတို့နှုတ်ထဲ ထည့်လိုက်တော့လည်း၊ ဂင်္ဂါဝါဠုသဲစုမက အဆူဆူပွင့်တော်မူကြတဲ့ ဘုရားရှင်အားလုံးရဲ့ နှုတ်တော်ထွက်စကားလုံးကို မိမိနှုတ်ထဲထည့်လိုက်ရတာမို့, ကိုယ်ရဲ့အသိစိတ်ထဲထည့်လိုက်ရတာမို့, ကိုယ့်ရဲ့နှလုံးသားထဲထည့်လိုက်ရတာမို့, ဘုရားအဆူဆူတွေရဲ့ စွမ်းအား ကိုယ့်သန္တာန်မှာ ထည့်သွင်းပြီးတော့ ပွားထုံရာ စွမ်းအားကိုယူရာရောက်သွားတယ်။
   
    အဆင့်မြင့်လူ

    လောကမှာ လူ-၃ မျိုးရှိတယ်၊ အဆင့်မြင့်လူ, အလယ်အလတ်လူ, အဆင့်နိမ့်လူလို့ လူ ၃-မျိုးမှာ ပရိတ်သတ်အပေါင်း သူတော်ကောင်းတွေက အဆင့်မြင့်လူထဲမှာ ပါဝင်ကြတယ်။
    အဆင့်မြင့်လူဆိုတာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ရတနာနဲ့ တွေ့နေရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဆင့်အလွန်မြင့်တဲ့ ပုဂ္ဂိုလ်တွေဟာ အဆင့်အမြင့်ဆုံးရတနာနဲ့ တွေ့ကြရမှာပါ။
    ရတနာဆိုတာ ရတနာနဲ့ ထိုက်တန်သူတွေ အတွက်သာ တန်ဖိုးရှိတာ၊ ရတနာနဲ့ မထိုက်တန်တဲ့ပုဂ္ဂိလ်များဟာ ရတနာနဲ့တွေ့ပေမယ့် စွမ်းအားရမှာ မဟုတ်ဘူး၊ သုံးဆောင်ခွင့်ရရှိမှာလည်း မဟုတ်ဘူး။
    မိမိတို့တွေ အစမထင်

.

.
Related Posts Plugin for WordPress, Blogger...