adv

တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။

.

{short description of image}

.

.

.



{short description of image}

တိရတနာ Online Radio

” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Recent Posts

Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။

Friday, December 18, 2015

ဗုဒ္ဓနည်းကျ ရေစက်ချအမျှဝေနည်း ”


  မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။

  ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။
ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည်
အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး
အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၁၆)

ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က
၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)

အထက်ပါရေစက်ချပုံကိုထောက်ဆ၍ သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား

Wednesday, December 16, 2015

“ပရိတ်အကြောင်း သိကောင်းစရာ”



                       လူအများသည် ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့်၊အကျိုးများဖြစ်ပေါ်စေရန်“ပရိတ်”တရားတော်များကို
ရွတ်ဖတ်၊ နာယူကြပါသည်၊၊

အမှန်တကယ်လည်း ပရိတ်ရွတ်ဖတ်၊ နာယူခြင်းသည်ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ပြီး၊
လိုအပ်သည့်အကျိုးများစွာကို ရရှိနိုင်ပါသည်။“ပရိတ်”ဟောဝါရသည်“ပရိတ္တ”ဟူသော
ပါဠိပုဒ်မှဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်ပါသည်။

“ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း”ဟုအဓိပ္ပါယ်ရပါသည်၊၊ ဘေးအန္တရာယ်များနှင့်၊
မလိုလားအပ်သည့်ရလာဘ်များမှ အကာအကွယ်နှင့်၊အတားအဆီးကိုပြုပေးနိုင်သည့် မြတ်စွာဘုရားရှင်
ဟောတော်မူထားသော ပါဠိတော်(၁၁)သုတ်ကို“ပရိတ်”ဟုခေါ်ပါသည်။
(၁) မင်္ဂလသုတ်၊
(၂) မေတ္တသုတ်၊
(၃) ရတနသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ၀ဋသုတ်၊
(၇) ဓဇဂ္ဂသုတ်၊
(၈) အာဋာနာတိယသုတ်၊
(၉) အင်္ဂုလိမာလသုတ်၊
(၁၀) ဗောဇ္ဈင်္ဂသုတ်၊
(၁၁) ပုဗ္ဗဏှသုတ်၊

ပရိတ်ကြီး(၁၁)သုတ်ဟု အသိများသည့် ပရိတ်တော်များကိုမြတ်စွာဘုရားရှင်သည် လူသားတို့၏မျက်မှောက်
ဘ၀အကာအကွယ်နှင့်၊ အကျိုးစီးပွားဖြစ်စေရေးအတွက်သီးခြားဟောတော်မူထားခြင်း ဖြစ်ပါ သည်။

ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် မြတ်စွာဘုရားရှင်မပွင့်ခင်ကတည်းကတည်ရှိခဲ့သည

Saturday, December 12, 2015

“ သီလ ” လုံးဝမကျိုးတဲ့ ဆောက်တည်နည်း


                                   
          ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဒါန၊ သီလ၊ ဘာဝနာသည် အရေးကြီးပါသည်။ ဒါန၊သီလ၊ ဘာဝနာ သုံးပါးထဲတွင် ဘယ်တရားက အရေးကြီးဆုံးလဲ ? ။ရဟန်းတော်တွေအတွက် ဒါနမပြုလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာဘာဝနာ မပွားလို့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်ရင်တော့ အာပတ်သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့်ရှိနေပါတယ်။

          ဒီလိုပါပဲ၊ လူတွေအနေနဲ့လည်း ဒါနမပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာဘာဝနာ မပွားလို့ အ
ပြစ်သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလဖေါက်ဖျက်လို့ကတော့ အပြစ်သင့်မှာပါ။
“ သီလလုံခြုံနေရင် ပြီးတာပါပဲ၊ ဒါနမပြုလည်း ကိစ္စမရှိပါဘူး၊ ၀ိပဿနာမပွားလည်း ကိစ္စ
မရှိပါဘူး။ ” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ “သီလ” က အရေးကြီးဆုံးလို့
ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်နိုင်သေးရင်တောင် “သီလ” ကို
တော့ သတိထား အထူးစောင့်ထိန်း ရမှာပါ။

         ကိုယ်ရဲ့ခင်ပွန်း၊ ဇနီးမယား၊ သားသမီး၊ မိဘ၊ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ၊ ငွေကြေးတွေ
ကတော့ ကိုယ်နဲ့မမြဲ မနေနိုင်ပါဘူး။ ဒီသဘောလေးကို အာရုံပြုပြီး “သီလ”ကတော့ ငါရဲ့အားကိုး
ရာ အစစ်ပဲ။ ငါနဲ့ မခွဲမခွာ

Saturday, December 5, 2015

သိမ် အကြောင်း မှတ်သားလေ့လာစရာ



သံဃာတော်များ ကံကြီးကံငယ်ပြုရာ နေရာဋ္ဌာနကို သိမ်ဟုခေါ်သည်။
သိမ်ဟူသည် ရှိသမျှ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ် ပေါင်းစု၍ ကံကြီးကံငယ်ဆောင်ရာ နယ်တခုအဖြစ် သီးခြားသတ်မှတ်ထားသောနေရာပင်ဖြစ်သည်။ ရဟန်းတော်တို့ခြည်း သာပြုလုပ်ဆောင် ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် ကံကြီးကံငယ် ဟုခေါ်၏။

 ထိုကံကြီးကံငယ်တို့တွင် တခုခု ကို ဆောင်ရွက်လိုသောအခါ ရဟန်းတော်တို့ သိမ်အတွင်း စုဝေးကြရသည်။ ထိုသို့စုဝေးရာ၌ တပါးနှင့်တပါး ၂-တောင့်ထွာ်ထက် မဝေးစေဘဲ ထိုင်နေစည်းဝေးခြင်းကိုပင် ကာယသာမဂ္ဂီ ပေးသည်ဟုခေါ်သည်။ ကိုယ်ဖြင့်ညီညွတ်မှု သဘောတူ ကျေနပ်မှုကို ပြသည်ဟုဆိုလိုသည်။
 ထိုသို့စည်းဝေး၍ ကံပြုသောအခါ အစွန်ဆုံးရဟန်းမှ အပြင်ဖက် ၂-တောင့်ထွာ အရပ်အတွင်းသို့ လူဝတ်ကြောင်၊ သာမဏေစသူတို့ မဝလာ မရှိစေရပေ။ ဝင်လာခဲ့ ရှိခဲ့သော် ပြုဆဲကံ မပျက်သော်လည်း ကံပြုသော ရဟန်းတော်တို့ အာပတ်သင့်လေသည်။ ထို့ကြောင့် ကံပြုနေစဉ် အဆိုပါပုဂ္ဂိုလ်များ မဝင်လာ မရှိစေဖို့ အရေးကြီးသည်။ ထို့အပြင် ကံပြုနေသော သံဃာ၏ ၂-တောင့်ထွာအရပ်၌ အပြင်ဘက်သိမ်နယ်ပယ်အတွင်း တနေရာ၌ ရဟန်းတပါးပါး သို့မဟုတ် ၂-ပါး၊ ၃-ပါးစသည် မရှိစေဖို့လည်း အရေးကြီးပြန်သည်။ ယင်းသို့ရှိလျှင် ကာယသာမဂ္ဂီကို မပေးသဖြင့် ပြုသောကံကို သဘောမတူရာ ရောက်သောကြောင့် ပြုဆဲကံပျက်လေသည်။ ထို့သို့သိမ်နယ်ပယ်တခုအတွင်းမှာပင် ကံပြုသံဃာ၏ ၂-တောင့်ထွာ အရပ်မှ လွှတ်လျက် အခြားရဟန်းဖြစ်စေ၊ ရဟန်းများဖြစ်စေ ရှိနေခြင်းကို ဝဂ်ဖြစ်သည်ဟု ခေါ်လေသည်။ အစုကွဲသည်ဟု ဆိုလိုပေသည်။
သာသနာတော် အရှည်တည်တံ့နိုင်ရန် ရဟန်းတော်များ အဆက်မပြတ်ရှိနေဖို့ အရေးကြီးသည်။ ရဟန်းအဖြစ်သို့ ရောက်အောင် ဆောင်ရွက်ရန်မှာလည်း သိမ်တမျိုးမျိုးမရှိပဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် သိမ်သည် သာသနာတော် အရှည်တည်တံ့ရေးတွင် ရေသောက်မြစ်ပမာ လွန်စာ ရေးကြီးသောအရာ ဖြစ်ပေသည်။
သိမ်အမျိုးအစားအကျဉ်း
ထိုသိမ်သည် အကျဉ်းအားဖြင့် ၂-မျိုး၊ ၂-စားရှိ၏။ ယင်းတို့ကား ၄ပါး၊ ၄ပါးထက်များသော ရဟန်းတော်တို့ စုပေါင်း၍ ဉ တ်ကမ္မဝါစာဖတ်၍ မသမုတ်ရပဲ အလိုလိုသိမ်ဖြစ်နေသော သိမ်တို့ဖြစ်လေသည်။ ထို ၂-မျိုးတွင် ပထမအမျိုးအစားကို

.

.
Related Posts Plugin for WordPress, Blogger...