adv

တိရတနာကျောင်းမှသင်.ကိုနွေးထွေးစွာဖိတ်ခေါ်ပါသည် ။ နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တစ်ယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာစကားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုအပေါ်မှာ အခြေခံလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံ နည်းကျလိုအပ်ချက်များကို အဖြေထုတ် ဖြည့်ဆည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် #ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ " ကမ္ဘာကျော်သိပ္ပံဆရာကြီး ဒေါက်တာအဲလဘတ်အိုင်းစတိုင်လ် " ...။။

.

{short description of image}

.

.

.



{short description of image}

တိရတနာ Online Radio

” တိရတနာ မြန်မာဘုန်းတော်ကြီးကျောင်း ဒီဇင်ဘာ ခရစ်စမတ် (ရုံးပိတ်ရက်) အတွင်း အခြေခံ ပဋ္ဌာန်းသင်တန်း.. (၂၄) ပစ္စည်း ပဋ္ဌာန်း အဓိပ္ပါယ်များသည် မိမိတို့  နေ့ စဉ်ဘ၀၌ မည်ကဲ့သို့ အကျိုးပြုနေသည်၊ ဆက်နွယ်နေသည် စသော ကြောင်း+ ကျိုး နိယာမဆက်နွယ်ပုံများကို အကျဉ်းချုနှင့်လက်တွေ့ အခြေခံ ၀ိပဿနာ ရှုမှတ်နည်း....၀ိပဿနာဟူသည် မိမိတို့ ဘ၀တွင် အေးချမ်းစွာ နေထိုင်တတ်အောင် သင်ယူရသော ဘ၀နေနည်း အတတ်ပညာ ........ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် အတူတကွ ဆရာတော် - ဒေါက်တာ အရှင်သုနန္ဒာလင်္ကာရ ( M.A, Ph.D )သာမဏေကျော်၊ ဥဘတော ၀ိဘင်္ဂဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ၊ အဂုင်္တ္တရ နိကာယ၀ိဒူ )ကသင်တန်းပြသပေးမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြား အပ်ပါသည်။ သင်.အကြံပြုဆွေးနွေးချက်များကို နွေးထွေးရင်းနှီးစွာ ဖိတ်ခေါ်လျှက်.... တိရတနာကျောင်း အကျိုးတော်ဆောင်အဖွဲ.....
DEF Radio and RainRockinRadio
Online Radio အစီအစဉ်အား ညစဉ် ၇ နာရီ မှ ၁၀ နာရီထိ .... အသံ ပျက်တောက် သွားပါက refresh ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Recent Posts

Välkommen till Tiratana Theravada Buddhist Tempel.. Stöd Tiratana genom att bli medlem! Vi välkomnar alla och interreligiösa familjer åtagit sig att leva ett budda sätt att bli medlemmar i Temple Tiratana. Du kan bli medlem när som helst genom vår admin och praktiskt bidrag till utvecklingen av Tiratana. Alla medlemmar får en medlem card.For mer information om Temple medlemskap, tjänster och aktiviteter, kontakta templet admin. Phone 076 7077445 Phone: 076 8247198 Email tiratana3@hotmail.com ။။

Saturday, August 22, 2015

တိရတနာ ဘုန်းတော်ကြီးကျောင်း(ဓမ္မ)ဆိုဒ်မှ လေးစားစွာ ကြိုဆိုဖိတ်ခေါ်ပါသည်။

               http://www.addcode.net/image/divider-images/divider-206.gif

ကျွန်ုပ်တို.တိရတနာဘုန်းတော်ကြီးကျောင်း(ဓမ္မ)ဆိုဒ်သည် ဗုဒ္ဓဘာသာဝင်
ရဟန်း၊ရှင်၊လူ အများအတွက်..
 
၁။ ထေရ၀ါဒမြတ်ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းစွာ တည်တံ့ ထွန်းကား ပြန့်ပွားစေရန်။
၂။ ဘာသာ၊သာသနာ ချစ်မြတ်နိုးစိတ် ထက်သန် နွေးထွေးနေစေရန်။
၃။ လူတိုင်း သစ္စာတရားဓမ္မ အသိအမြင် မှန်ကန်စေရန်။…ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။

ထေရ၀ါဒ ဓမ္မစစ်များပြန့်ပွားရန်ပါဝင် ကူညီဆောင်ရွက်ခြင်းသည်အမြတ်ဆုံးသော အလှူတော်ကုသိုလ်ကိုပြုလုပ်ခြင်းဖြစ် ပါသဖြင့် သစ္စာဓမ္မ ကိုမြတ်နိုးသူများ အားလုံးအား လေးစားစွာ ကြိုဆိုဖိတ်ခေါ်ပါသည်။

 နှစ်စဉ် လူအား၊ဉာဏ်အား အလှူတော်ကုသိုလ်အားဖြင်. သဒ္ဒါတရားထက်သန်စွာ ၀ိဘဇ္ဇဉာဏ် ရင့်ကျက်စေရန် ဦးတည်ချက်ထား ကူညီခဲ့ကြသဖြင့် ဖော်ပြရန်မလုံလောက်သော ပီတိဖြင့် ၀မ်းမြောက်ကြည်ညိုစွာ သာဓုအနုမောဒနာခေါ်ဆိုပါကြောင်း

 ထေရ၀ါဒ ဓမ္မစစ်အလင်းရောင်မီးတိုင်များပြန့်ပွားရန် ထွန်းညှိပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 လေးစားစွာဖြင့်-

*Admin အဖွဲ့*

http://www.addcode.net/image/divider-images/divider-206.gif

Wednesday, August 12, 2015

ထေရ၀ါဒသာသနာတော်


မြတ်ဗုဒ္ဓတည်ထောင်တော်မူသည့် ဓမ္မ၀ိနယသာသနာတော်ကို မြတ်ဗုဒ္ဓလွန်ပြီးသည့်နောက် နှစ်ပေါင်း (၂၅၀၀) ကျော်ခရီးဝယ် ထေရ်အဆက်ဆက်တို့ ဗုဒ္ဓမူမပျက် လက်ဆင့်ကမ်း၍ သယ်ဆောင်စောင့် ရှောက်တော်မူခဲ့ကြရာ ဤမျှကြာညောင်းသော သာသနာခရီးတွင် သံဃာအစည်းအဝေးကြီးပေါင်း (၆) ကြိမ် ကျင်းပတော်မူခဲ့ကြကာ ထပ်ဆင့်ထပ်ဆင့် အတည်ပြု ပြဌာန်းခဲ့ကြသည်ချည်းသာ ဖြစ်ပါသည်။

၁။ ပဌမသံဂါယနာ
သာသနာနှစ် (၃) လ အကြာတွင် ရာဇဂြိုဟ်မြို့၊ အိန္ဒိယနိုင်ငံ၌ ရဟန္တာပေါင်း (၅၀၀)တို့ဖြင့် အရှင်မဟာ ကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါထေရ်တို့က အကြီးအကဲပြုလုပ်၍ အဇာတသတ်ဘုရင်၏ ချီးမြှောက်ထောက်ပံ့မှုဖြင့် တင်တော်မူခဲ့ကြသည်။

Saturday, August 8, 2015

ဗုဒ္ဒဘုရားရှင် အဆူဆူ တို့၏ ဖွား၊ပွင့်၊ဟော၊စံ..တော်မူပုံ


(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။
( ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ်အထုံ လူ့ပြည်ကို ပါလာမယ် ။ အဲလိုဆိုရင်အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး ။ အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါတယ် ။)

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ့သို့မျက်နှာမူပြီးနေပါသည် ။
( အလောင်းတော်တွေဟာ သာမန်လူတွေရဲ့ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။

.

.
Related Posts Plugin for WordPress, Blogger...